Restaurant Operation Manager (Mandalay) – 1,200,000 – Local Company

Team 15 (VAC)
Job Overview

Job Location: Chan Aye Thar Zan Township / Mandalay Region
Type of Business/Product: Restaurant Industry
Gender: Male / Female (1)

Job Ref No.: 15P1392
Salary: 1,200,000/- Kyats

Job Description
• ဖွင့်လှစ်ထားရှိပြီးသည့် ဆိုင်များအားလုံးနှင့်ပတ်သက်၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းအဆင်ပြေချောမွေ့စေရေး၊ ဆိုင်တစ်ဆိုင်ခြင်းစီ၏ အဆင့်အတန်းကို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ရေး၊ ထိန်းသိမ်းထားနိုင်ရေး၊ စားသုံးသူများ၏လိုအပ်ချက်ကို အရည်အသွေးအကောင်းဆုံး၊ ၀န်ဆောင်မှုအကောင်းဆုံး၊ အလတ်ဆတ်/အသန့်ရှင်းဆုံးနှင့် တန်ဖိုးအရှိဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင် စီမံအုပ်ချုပ်ရန်၊ ဆိုင်၏သတ်မှတ်ထားရှိသည့် ရောင်းအားပမာဏ ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် ဆိုင်ရှိပိုင်ဆိုင် ပစ္စည်းများနှင့် ၀န်ထမ်းများအားလုံးကိုလည်း ထိရောက်အောင်မြင်စွာ စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်ရန်။
• ဆိုင်များ၏ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှုများကို ချမှတ်ထားရှိသည့် ပေါ်လစီ၊ လုပ်ငန်းစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အထိရောက်ဆုံး ညွှန်ကြားဆောင်ရွက်ရန်။
• မိမိလက်အောက်ရှိ ၀န်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊ Personal Grooming, Hygiene ကောင်းမွန်လာစေရန် သင်တန်းများပို့ချခြင်းများအားဉီးဆောင်၍ လူ့စွမ်းအားအရင်းအမြစ်ဌာနနှင့် အတူပူးပေါင်းဆောင်ရွက်ရန်။
• ဆိုင်များ၏ အမှန်တကယ် ၀ယ်ယူရန်လိုအပ်သော ကုန်ကြမ်း၊ကုန်ချောပစ္စည်းများ၊ ဆိုင်တစ်ဆိုင်ချင်းစီအတွက် ပစ္စည်းအမျိုးအစားအလိုက် အနည်းဆုံးထားရှိရမည့်အရေအတွက်များကို တွက်ချက်တင်ပြဆောင်ရွက်ရန်။
• ကုန်ကြမ်းပစ္စည်း/ ကုန်ချောပစ္စည်းများ မပြတ်လပ်စေရန်အတွက် ဆိုင်များ၏သိုလှောင်ရုံနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအားလုံးကို အချိန်နှင့်တပြေးညီ တင်ပြညှိနှိုင်း အကောင်အထည်ဖော် စီမံခန့်ခွဲရန်။
• ဆိုင်များ၏ အခြားသော Operation နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအားလုံးကိုလည်း အချိန်နှင့်တပြေးညီ ချမှတ်ထားသေား စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်စီစဉ်ရေးအတွက် စီမံဆောင်ရွက်ရန်။
• ဆိုင်တစ်ဆိုင်ချင်းစီရှိ သိုလှောင်ရုံနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအားလုံးကို သတ်မှတ်ထားရှိသည့် စာရင်းဇယားများတွင် ဖြည့်စွက်ခြင်းရှိ/မရှိ၊ စာရင်းဇယားများ မှန်ကန်မှရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ ပစ္စည်းလက်ခံခြင်း/ ထုတ်ယူခြင်းများတွင် စနစ်တကျမှတ်တမ်းတင် စာရင်းရေးသွင်းခြင်းများကို စစ်ဆေးတင်ပြ ဆောင်ရွက်ရန်။
• ဆိုင်တစ်ဆိုင်ချင်းစီနှင့် ဆိုင်များအားလုံး၏ အရောင်း၀င်ငွေများအားလုံးကို ကွန်ပျူတာဖြင့် စာရင်းထားရှိဆောင်ရွက်ခြင်း၊ ပြေစာ၊ ဘောက်ချာများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ နေ့စဉ်ရောင်းရငွေကြေးများကို သေချာစွာထိန်းသိမ်းခြင်းတို့ကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိနှင့် မလိုလားအပ်သည့် ငွေကြေးမသမာမှုများ မရှိအောင် အထိရောက်ဆုံး စီမံခန့်ခွဲဆောင်ရွက်ရန်။
• ဆိုင်တစ်ဆိုင်ချင်းစီ၏ အပတ်စဉ်/လစဉ် ခန့်မှန်းအသုံးစရိတ်များကို ငွေစာရင်းခေါင်းစဉ်အလိုက်ပြုစု၍ သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံသို့ ခွင့်ပြုချက်တောင်းခံရန်။
• ဆိုင်တစ်ဆိုင်ချင်းစီ၏ နေ့စဉ်အသုံးစရိတ်များကို သက်ဆိုင်ရာစာရွက်စာတမ်း၊ အထောက်အထား၊ ပြေစာ၊ ဘောင်ချာများအား ဆိုင်မှတာ၀န်ရှိသူ မန်နေဂျာ (သို့မဟုတ်) လက်ထောက်မန်နေဂျာများမှ စီစစ်ပြီးမှန်ကန်ပါက သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ၏ခွင့်ပြုချက်ဖြင့် လက်မှတ်ရေးထိုးခွင့်ပြုပေးရန်။
• ဆိုင်တစ်ဆိုင်ချင်းစီ၏ လိုအပ်ချက်အရ ၀ယ်ယူရန်ရှိသည့် (Fixed Assets) ဆိုင်ပိုင်ပုံသေပစ္စည်းများအတွက် ၀ယ်ယူခွင့်ကို သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံ အချိန်နှင့်တပြေးညီတင်ပြ၍ ခွင့်ပြုချက်တောင်းခံရန်။
• ဆိုင်များ၏ ကုန်ပစ္စည်းလက်ကျန်များကို သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံသို့ လစဉ်တင်ပြနိုင်ရေးအတွက် စီမံဆောင်ရွက်ရန်။
• လုပ်ငန်းနှင့် ပတ်သက်၍အကြံဉာဏ်ကောင်းများ၊ ထူးခြားဖြစ်စဉ်များ၊ စားသုံးသူများ၏တုံံ့ပြန်ချက်များအစရှိသည်တို့ကို သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံသို့အချိန်နှင့်တပြေး ညီတင်ပြဆောင်ရွက်ရန်။
• ဆိုင်တစ်ဆိုင်ချင်းစီ၏ ရောင်းချသည့်အစားအသောက် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စံနှုန်းထားများ၊ ထွက်နှုန်း (Yield) အတိုင်းထွက်ရှိအောင် သက်ဆိုင်ရာတာ၀န်သူ မန်နေဂျာ (သို့မဟုတ်) လက်ထောက်မန်နေဂျာများအား စီစစ်သုံးသပ်စေရန်နှင့် လမ်းညွှန်မှုများပေးရန်။
• ဆိုင်တစ်ဆိုင်ချင်းစီ၏ နေ့စဉ်ရောင်းအားပမာဏနှင့် ရောင်းချသည့်ပစ္စည်းမျိုးအစားအရေတွက်များကို သက်ဆိုင်ရာ ဆိုင်တာ၀န်ရှိသူ မန်နေဂျာ (သို့) လက်ထောက်မန်နေဂျာများမှ တင်ပြလာခြင်းအပေါ် စီစစ်သုံးသပ်၍ သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံသို့အချိန်နှင့် တပြေးညီတင်ပြဆောင်ရွက်ရန်။
• စားသုံးသူများနှင့် တိုက်ရိုက်ဆက်ဆံသည့် ၀န်ထမ်းများအား အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်၀န်ဆောင်မှု ပေးနိုင်ရန်အတွက် အမြဲတစေစီစဉ် ညွှန်ကြားရန်နှင့် လိုအပ်သလို ထိရောက်သည့် လုပ်ငန်းခွင်လက်တွေ့အသုံးချ သင်တန်းများပို့ချပေးနိုင်ရန် သက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
• ဆိုင်များ၏ပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ဆိုင်တွင်းရှိ အသုံးပြုသော မီးဖိုချောင်သုံးပစ္စည်းများ၊ ပရိဘောဂများ၊ စက်ပစ္စည်းများအားလုံးပြုပြင်၊ မွမ်းမံထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံသို့ အချိန်နှင့်တပြေးညီတင်ပြဆောင်ရွက်ရန်။
• ဆိုင်များ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများ၊ လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေး၊ အရေးယူဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ပေါ်လစီများနှင့်အညီ စီစဉ်ဆောင်ရွက်ရန်။
• ဆိုင်ရှိ၀န်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာကိစ္စများ၊ လုပ်ငန်းခွင်အတွင်း မတော်တဆ ဖြစ်မှုများအတွက် ကုသဆောင်ရွက်ခြင်းများအား အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ရန်။ လူ့စွမ်းအားအရင်းအမြစ်ဌာနနှင့် ပူးပေါင်းလုပ်ဆောင်ရန်။
• ဆိုင်ရှိ၀န်ထမ်းများ၏ နေ့စဉ်လုပ်ဆောင်ရမည့် Check List အတိုင်း လုပ်ဆောင်ခြင်း ရှိ/မရှိ စီစဉ်ဆောင်ရွက်ရန်။
• ဆိုင်များ၏ ဖွင့်ချိန်/ပိတ်ချိန် များတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့် သန့်ရှင်းရေးလုပ်ဆောင်မှုတို့အား စီစဥ်ညွှန်ကြားကြီးကြပ်ဆောင်ရွက်ရန်။
• ဆိုင်ခွဲများအားလုံးအားလုံး၏ အ‌ခြေအနေအား လှည့်လည်စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်အား ပြည့်မှီအောင် စီစဥ်ဆောင်ရွက်ရန်။
• နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အစီရင်ခံစာများကို သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs ထံသို့တင်ပြဆောင် ရွက်ရန်။
• ထပ်မံဖွင့်လှစ်ရန်ရှိသည့် ဆိုင်များအတွက် Operation Department အနေဖြင့်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ် များအားလုံးကို အချိန်နှင့်တပြေးညီ ဦးဆောင်စီမံခန့်ခွဲ ဆောင်ရွက်ရန်။
• လက်ရှိဖွင့်လှစ်ထားသော ဆိုင်ခွဲများအားလုံးနှင့် လုပ်ငန်းတိုးချဲ့မှုအရ ထပ်မံဖွင့်လှစ်မည့်ဆိုင်ခွဲများအားလုံး၏ Operation ကိစ္စများအား ဉီးဆောင်၍တာ၀န်ယူဆောင်ရွက်ပေးရမည်။
• တာ၀န်ချိန်ပြင်ပ (သို့မဟုတ်) နားရက် (သို့မဟုတ်) ခွင့်ယူထားသည့်ရက်များတွင် မိမိလုပ်ငန်းတာ၀န်များ ထိခိုက်လျော့နည်းမှုမရှစေရန် တာ၀န်ယူဆောင်ရွက်ရန်။
• သက်ဆိုင်ရာ တာ၀န်ခံ (သို့မဟုတ်) BODs မှလုပ်ငန်းလိုအပ်ချက်အရ တရားသဖြင့်ပေးအပ်သော အခြားတာ၀န်၀တ္တရားများကိုလည်း ကျေပွန်စွာ ထမ်းဆောင်ရန်။

Working Hours: 9:00 AM to 5:30 PM
Holidays: one day per week

How to Apply: Please email cv@vacjobsearch.com with your Microsoft Word CV file and job title and job ref no. in the subject line.
Hotline: 01-8395915, 09-765395915

Job Detail
  • Offerd Salary1,000,000 - 1,500,000 MMK
  • Career LevelMid-level Management
  • Experience3 Years
  • INDUSTRYRestaurant / Coffee Shop
  • QualificationBachelor
Shortlist Never pay anyone for job application test or interview.